ဥက္ကဌ၏ အမှာစကား

ဥက္ကဌ၏ အမှာစကား

ဂျပန်ရဲ့ သက်ကြီးရွယ်အို များပြားမှုနှုန်းမြင့်တက်လာခြင်းကြောင့် Sanyo Fukushikai လူမှုဖူလုံရေး အဖွဲ့အစည်းကို 1998 ခုနှစ် Osakaခရိုင် Kadomaမြို့မှာ ဗဟိုရုံးကို စတင် တည်ထောင်ခဲ့ပါသည်။

ထို့နောက် ဂျပန်အနောက်တောင်ဒေသအသီးသီးမှာ ဒေသခံတွေရဲ့ နားလည်မှု၊ ကူညီထောက်ပံ့မှုတို့ကို ရယူ၍ ယခုအခါ ဌာနပေါင်း ၁၁ ခုဖြင့် လုပ်ကိုင် လည်ပတ်လျှက်ရှိပါသည်။

ယခုအချိန်ကစပြီး ကျွနု်ပ်တို့အဖွဲ့အစည်းရဲ့ မျှော်လင့်စောင့်စားခဲ့ရတဲ့ မြို့တော်တိုကျိုမှာ တည်ဆောက်နိုင်ခဲ့ပြီး၊ 2020 နိုဝင် ဘာလတွင် Suginami ရပ်ကွက်၌ အထူးသက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ Prime Gardens Koenji ကိုဖွင့်လှစ်မည်ဖြစ်ပါသည်။

ကျွနု်ပ်တို့ Sanyo Fukushikaiရဲ့ အခြားအိမ်မက်တစ်ခုဖြစ်တဲ့ ကလေးငယ်စောင့်ရှောက်ရေးဂေဟာ ၂ခုကိုလည်း ၂၀၁၈နဲ့ ၂၀၁၉ခုနှစ် ၂နှစ်ဆက်တိုက် ဖွင့်လှစ်နိုင်ခဲ့ပါတယ်

ကျွနု်ပ်တို့ Sanyo Fukushikai ဟာ လူ့အခွင့်အရေးရဲ့အနှစ်သာရကို အခြေခံပြီး သက်ကြီးရွယ်အိုနဲ့ အခြားသောမသန်စွမ်းသူတို့ကို လင်းလက်တောက်ပစွာ အသက်ရှင်နေထိုင်နိုင်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖော်ဆောင်နိုင်ရန် အဓိကခံယူထားပါသည်။ အတူတကွရပ်တည်၍ ကိုယ်တိုင်နားလည်ပေးခြင်းဖြင့် ကလေးသူငယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဝန်ဆောင်မှုတို့ကို ကြိုးပမ်းအားထုတ်လျှက်ရှိပါသည်။

ကျွနု်ပ်တို့ Sanyo Fukushikai ရဲ့ ဆောင်ပုဒ်သည် သာယာအေးချမ်းမှု၊ လုံခြုံစိတ်ချမှု၊ ငြိမ်းချမ်းမှုတို့ဖြစ်ပါသည်။
logo ရဲ့သင်္ကေတဖြစ်တဲ့ clover (ကံကောင်းခြင်းအပင်) ကို ကိုယ်စားပြု၍ ထိုသင်္ကေတအတိုင်း
ပေါ်လွင်စေရန် ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်အနေနဲ့ ကြိုးပမ်းအားထုတ်လျှက်ရှိပါသည်။

ကျွနု်ပ်တို့ Sanyo Fukushikai ရဲ့ ဆောင်ပုဒ်သည် သာယာအေးချမ်းမှု၊ လုံခြုံစိတ်ချမှု၊ ငြိမ်းချမ်းမှုတို့ဖြစ်ပါသည်။
logo ရဲ့သင်္ကေတဖြစ်တဲ့ clover (ကံကောင်းခြင်းအပင်) ကို ကိုယ်စားပြု၍ ထိုသင်္ကေတအတိုင်း
ပေါ်လွင်စေရန် ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်အနေနဲ့ ကြိုးပမ်းအားထုတ်လျှက်ရှိပါသည်။

Mikio Suga

SANYO-FUKUSHIKAI
Chairman
MIKIO SUGA

Corporate introduction

Management entity SANYO-FUKUSHIKAI
Address 19-25, Kuwazai-cho, Kadoma-shi, Osaka, 571-0035, Japan
Phone number +81-72-882-3333(main)
Fax number +81-72-885-6118
Chairman MIKIO SUGA
Opening date April 1998